top of page
Search

ခေတ်မှီ မီးဖိုချောင်(Kitchen)လေးရဲ့ ခေတ်ပေါ် အခေါ်အဝေါ်များ

အိမ်ရှင်မတို့ရဲ့ စိတ်ကူးအိပ်မက်ထဲက ခေတ်မှီ Kitchen လေး ဖန်တီးဖို့ရည်ရွယ်ထားရင် Kitchen အခေါ်အဝေါ်လေးတွေလည်း သိဖို့လိုတယ်နော်။ ထုံးစံအတိုင်း မြင်သာအောင် ပုံလေးတွေနဲ့ပြပေးထားပါတယ်ရှင်။


1. Kitchen Lower Cabinet (မီးဖိုချောင်ရဲ့ ထမင်း၊ဟင်းချက်ပြုတ်ရန် အဓိကနေရာလေးပေါ့)


2. Kitchen Upper Cabinet (အပေါ်cabinetလေးက အိုး၊ခွက်စတဲ့ ပစ္စည်းလေးတွေ သိမ်းဆည်းလို့ရတဲ့နေရာလေးပါ)


3. Sink(သူကတော့ မီးဖိုချောင်မှာ ဆရာကြီး သူမရှိလို့မဖြစ်တဲ့ ပန်းကန်ဆေးကန်လေးပါ)


4. Electronics Induction Stove(လျှပ်စစ်မီးဖို)၊Gas Stove(ဂတ်စ်မီးဖို)(ဒါလေးတွေကတော့ မီးဖိုလေးတွေပါ၊ အိမ်တစ်အိမ်နဲ့ တစ်အိမ် သုံးတဲ့ပစ္စည်းလေးတွေတော့ ကွဲပြားနိုင်ပါတယ်


5. Kitchen Hood(အညှော်စုပ်စက်လေးပါ) ရန်ကုန်တိုက်ခန်းတွေမှာတော့ မဖြစ်မနေထည့်သွင်း စဉ်းစားရမယ့် ပစ္စည်းလေးတခုပါ။ကျန်းမာရေးရှုထောင့်ကကြည့်ရင် အသက်ရှူလမ်းကြောင်းအတွက်လည်း သင့်လျော်သော ပစ္စည်းလေးဖြစ်လို့ အဆင်ပြေနိုင်မှာပါ။


6. Plate Organizer(ပန်းကန်စင်အံဆွဲလေးပါ) သူရဲ့ထူးခြားချက်က kitchen lower cabinet မှာဖြစ်ဖြစ် kitchen islandမှာပဲဖြစ်ဖြစ် အံဆွဲလေးနဲ့ရှိနေမှာပါ။ပြောချင်တာက အဲ့ဒီ အံဆွဲလေးမှာ ပန်းကန်တွေ အစီအရီထည့်ထားလို့ရပါမယ်။ အပြင်မှာ ပန်းကန်တွေ မမြင်ရတော့ ကိုယ့်kitchenလေးက အမြဲ သပ်သပ်ရပ်ရပ်ရှိနေမှာပါ


7. Kitchen Island(ရုပ်ရှင်တွေထဲမှာဖြစ်ဖြစ် ကိုရီးယားကားထဲမှာဖြစ်ဖြစ် မီးဖိုခန်းရဲ့အလယ်မှာ စားပွဲခုံလေးလို Cabinetလေးပါ၊ ဇာတ်ကားထဲမှာ ဘွားတော်ကြီးတွေ အတင်းတုပ်ကျရင် ထိုင်နေကျနေရာလေးပေါ့ မြင်သာအောင်ပြောပြတာပါ )

တကယ်က သူက ဟင်းချက်ဖို့ရာ အစစအရာရာ ပြင်ဆင်လို့ရတဲ့ နေရာလေးတခုပါ။ ပိုပြီးမြင်အောင် ပုံလေးကြည့်ပေးနော်



အဓိကအရေးကြီးတာလေးတခုက ခေတ်မှီKitchenလေးလုပ်ဖို့ စဉ်းစားထားတယ်ဆိုရင် အလင်းရောင်ရယ် အခန်းတွင်းလေဝင်လေထွက်ကောင်းဖို့ကို ဦးစားပေးစဉ်းစားပေးပါရှင့်

IVVI blog လေးဖတ်ပြီး စိတ်ကူးထဲက မီးဖိုချောင်လေး အမြန်အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းရင်း BYE



 
 
 

Comments


Post: Blog2_Post

09402507744

©2022 by IVVI Design Studio. Proudly created with Wix.com

bottom of page