စိတ်ငြိမ်၊ အေးချမ်းစေမယ့် အိမ်လေးဖြစ်ရန် အချက်(7)ချက်
- ivvidesign studio
- May 26, 2022
- 1 min read

စိတ်အေးချမ်းမှုကို လူတိုင်းနှစ်သက်ပါတယ်။ စိတ်ကြည်နေရင် လူကပါ အလိုလို အကြည်ဓာတ်ရပြီး နေ့စဉ်လုပ်ငန်းဆောင်တာများပါ 𝙀𝙣𝙚𝙧𝙜𝙮အပြည့်ဖြင့် တနေ့တာ ကုန်ဆုံးနိုင်မှာပါ။ ဒါ့ကြောင့် စိတ်အေးချမ်းရာကို ကိုယ့်အိမ်လေးထဲမှာပဲ ဖန်တီးလုပ်ယူထားလို့ ရပါတယ်။ 𝙏𝙞𝙥𝙨လေးတွေကတော့ ......
1. 𝙁𝙪𝙧𝙣𝙞𝙩𝙪𝙧𝙚တွေရဲ့ မျက်နှာပြင်ကို အမြဲရှင်းနေအောင်ထားပါ။ ဖုန်သုတ်ခိုင်းတာ ဟုတ်ဘူးနော်။ဥပမာ။ဧည့်ခန်းက စားပွဲမှာ စာအုပ်တွေ၊ပန်းအိုးတွေ စသည်ဖြင့် ရှုပ်ယှက်ခတ် အများကြီး မထားခိုင်းတာပါ။ ပစ္စည်းတွေအများကြီး တပြုံတည်း တွေ့လိုက်ရခြင်းက စိတ်ကို ပိုရှုပ်ထွေးသွားစေတာ အမှန်ပါ။ဒါကြောင့် မလိုအပ်တာများကို စားပွဲအံဆွဲထဲ ထည့်ထားခြင်းဖြင့် အမြဲရှင်းနေအောင်ထားပေးပါ။
2. 𝙁𝙡𝙤𝙤𝙧ကို တတ်နိုင်သမျှ ရှင်းနေအောင်ထားပါ။ ဟုတ်ပါတယ် ကြမ်းပြင်ပေါ် ပစ္စည်းများပြန့်ကျဲနေခြင်း၊ ဖုန်များ သဲများရှိခြင်း စတဲ့ မသန့်ရှင်းမှုများက မိမိရဲ့စိတ်ကို ပိုရှုပ်ထွေးစေပါတယ်။ ဖြိုးဆို သဲတရှပ်ရှပ်၊ လက်နဲ့ထိသမျှ ဖုန်ကပ်နေတာမျိုးဆို စိတ်ကသိကအောက်ဖြစ်လာပြီး စိတ်ရှုပ်လာတတ်ပါတယ်။
3. အသုံးဝင်မယ့် 𝘿𝙚𝙘𝙤𝙧𝙖𝙩𝙞𝙫𝙚 𝙄𝙩𝙚𝙢𝙨 များသာထားပေးပါ။ 𝘿𝙚𝙘𝙤𝙧𝙖𝙩𝙞𝙫𝙚ပစ္စည်းတိုင်း လှကြပါတယ်။ အရမ်းများလွန်းရင်လည်း မလိုက်ဖက်လှပါဘူး။
4. နံရံ မှာ𝘿𝙚𝙨𝙞𝙜𝙣 မများပါနဲ့။ လူတိုင်းကရှိတတ်တယ်လေ ဓာတ်ပုံတွေ၊ပန်းချီကားတွေကို နံရံလေးဘက်လေးလံ မှာ ချိတ်တတ်တာလေ ။အဲ့လိုမျိုးမလုပ်ပါနဲ့နော်။ ကိုယ့်အိမ်ရဲ့ နံရံတခုမှာပဲ အရှင်းဆုံး ပန်းချီကား 𝘼𝙧𝙩𝙬𝙤𝙧𝙠လေးကို ချိတ်ပေးပါ။
5. အလင်းဖျော့ဖျော့လေးတွေ သုံးပေးပါ။ အလင်းစူးစူး ၊အရမ်းလင်းတဲ့ 𝙇𝙞𝙜𝙝𝙩𝙞𝙣𝙜တွေက လူရဲ့စိတ်ကို ပို 𝙎𝙩𝙧𝙤𝙣𝙜ဖြစ်စေပြီး စိတ်ရှုပ်နေရင် ပိုပြီး စိတ်ရှုပ်ရစေတတ်ပါတယ်။ ဖြစ်နိုင်ရင် 𝙇𝙞𝙜𝙝𝙩𝙞𝙣𝙜ကို အလွှာလိုက် အသုံးပြုပေးရင် ပိုကောင်းပါတယ်။ ဆိုလိုတာက ဧည့်ခန်းမှာဆို 𝙇𝙞𝙜𝙝𝙩𝙞𝙣𝙜 အစုံ(𝘿𝙤𝙬𝙣, 𝘾𝙤𝙫𝙚, 𝘾𝙝𝙖𝙣𝙙𝙚 )ကို တပ်ဆင်ထားပေးပြီး ကိုယ့်ရဲ့ စိတ်ခံစားမှုပေါ်လိုက်ပြီး တစ်ခုချင်းစီ ဖွင့်နိုင်/ပိတ်နိုင်တာမျိုးပါ။
6. 𝙉𝙚𝙪𝙩𝙧𝙖𝙡 𝘾𝙤𝙡𝙤𝙧ကိုသုံးပေးပါ။ ကိုကြိုက်တာက 𝙉𝙚𝙪𝙩𝙧𝙖𝙡 မဟုတ်ဘူးဆိုခဲ့ရင်တောင် အိမ်ရဲ့ စိတ်ငြိမ်အေးချမ်းရာ ဖြစ်စေမယ့် နေရာသီးသန့်လေးကို 𝙉𝙚𝙪𝙩𝙧𝙖𝙡 𝘾𝙤𝙡𝙤𝙧 လေး သုတ်ပေးပါရှင့်။
7. ပစ္စည်းတိုင်းရဲ့ 𝙏𝙚𝙭𝙩𝙪𝙧𝙚, 𝙋𝙖𝙩𝙩𝙚𝙧𝙣 တိုင်းကို အရိုးရှင်းဆုံးသာ သုံးပေးရန်။ မီးဖိုချောင် ပန်းကန်ပြားမှစ ဘုရားပန်းအိုး၊ ခေါင်းအုံးစွပ်၊ စသည့် အသုံးအဆောင် ပစ္စည်းတိုင်းရဲ့ 𝙏𝙚𝙭𝙩𝙪𝙧𝙚, 𝙋𝙖𝙩𝙩𝙚𝙧𝙣 (အကွက်၊အစိပ်၊အသား)ကို ဂရုစိုက်ပေးပါ။
အပေါ်က အချက်လေးတွေကတော့ 𝙋𝙚𝙖𝙘𝙚𝙛𝙪𝙡 𝙃𝙤𝙢𝙚လေးဖြစ်ဖို့ရန် 𝙏𝙞𝙥𝙨လေးတွေပါရှင့်
နောက်နေ့တွေလည်း designနဲ့ ပတ်သတ်ပြီးဗဟုသုတရတာလေးတွေ တင်ပေးမှာမို့ 𝙄𝙑𝙑𝙄 𝘿𝙚𝙨𝙞𝙜𝙣 𝙎𝙩𝙪𝙙𝙞𝙤 ကို 𝙇𝙞𝙠𝙚 & 𝙁𝙤𝙡𝙡𝙤𝙬 လုပ်ထားလို့ရပါတယ်ရှင့်။ ဒီနေ့တော့ ဘိုင်းရ်….
‘’ DreamCreate Live ‘’ (“အိပ်မက်တွေကို IVVI နဲ့လက်တွေ့ဖန်တီးပြီး ရှင်သန်နေထိုင်ပါ”)



Comments