top of page
Search

𝘿𝙚𝙨𝙞𝙜𝙣𝙚𝙧 တွေရဲ့ အိတ်ထဲမှာ ရှိတတ်တဲ့ ပစ္စည်းများ


အိတ်ထဲက ပစ္စည်းတွေဆိုတော့ ဘာတွေပါလိမ့်ဆိုပြီး စိတ်ဝင်စားနေကျပြီ…..ဟုတ်??? တကယ်က ရေမွှေးပုလင်းတို့၊ အလှပြင်ပစ္စည်းတွေတင်မကပါဘူး သူတို့ပါ ပါပါတယ်…..ဘာတွေပါလိမ့်??


1. 𝙏𝙖𝙥𝙚 𝙈𝙚𝙖𝙨𝙪𝙧𝙚 (ပေကြိုးဘူး) ဘူးအကြီး၊ ဘူးသေးလေးတွေ ဆောင်ထားတတ်ပါတယ်။ တကယ်လို့ ဘူးကြီးတွေ အိတ်ထဲ မဆောင်ဖြစ်တောင် ပေကြိုးဘူးသေးလေးတွေ ဆောင်ပေးနော် ။ အော်ဒါနဲ့ ပေကြိုးဘူးဝယ်ရင် 𝙛𝙚𝙚𝙩 (ပေလက်မ)ရော၊ 𝙢𝙞𝙡𝙡𝙞𝙢𝙚𝙩𝙧𝙚𝙨 ပါတာကိုမှ ပေကြိုးရဲ့ တစ်ဝက်စီ ပြပေးတာကို ဝယ်ပါ။ နောက်ပြီး ကိန်းဂဏန်းတွေ ကြီးကြီးရေးထားတာကို သေချာလေး အချိန်ပေးရွေးပေးပါ။ ဘာလို့ဆို အမြင့်တွေ 𝘾𝙚𝙞𝙡𝙞𝙣𝙜 တွေ တိုင်းခဲ့ရင် မြင်သာထင်သာ ရှိအောင်ပါ။


2. 𝙇𝙖𝙨𝙚𝙧 𝙈𝙚𝙖𝙨𝙪𝙧𝙚 တစ်ဘူးလောက်ဆောင်ထားပါ။ အရပ်ပုတဲ့ ဖြိုးလို 𝘿𝙚𝙨𝙞𝙜𝙣𝙚𝙧မလေးဆို မရှိမဖြစ်ပါပဲ။ နောက်ပြီး သူက 𝙨𝙞𝙩𝙚 တိုင်းတာတဲ့နေရာမှာလည်း အချိန်ကုန် လူပင်ပန်း သက်သာစေပါတယ်။ ဒါပေမယ့် 𝙇𝙖𝙨𝙚𝙧 𝙈𝙚𝙖𝙨𝙪𝙧𝙚နဲ့တိုင်းတာတိုင်း နှစ်ခါပြန် တိုင်းပေးပါရှင့်။ တိတိကျကျ ရအောင်ပါ။


3. 𝙉𝙤𝙩𝙚 𝘽𝙤𝙤𝙠 & 𝘾𝙤𝙡𝙤𝙧 𝙥𝙚𝙣𝙨 တွေပါ။ မရှိမဖြစ် အလိုအပ်ဆုံးလေးတွေပေါ့။ 𝘿𝙚𝙨𝙞𝙜𝙣 𝙄𝙙𝙚𝙖𝙨တခုရလာတိုင်း၊𝘾𝙡𝙞𝙚𝙣𝙩 𝙍𝙚𝙦𝙪𝙞𝙧𝙚𝙢𝙚𝙣𝙩𝙨 ကောက်ရတိုင်း လွယ်လင့်တကူ မှတ်နိုင်တာပေါ့။

𝘾𝙖𝙡𝙘𝙪𝙡𝙖𝙩𝙤𝙧သူများအတွက်တော့ မရှိမဖြစ် လိုအပ်လားမသိပေမယ့် ဖြိုးအတွက်တော့ ဖုန်းအစား သူလေးကို သုံးနေကျမို့ သုံးရတာ ပိုမြန်ပြီး အလုပ်တွင်စေသလိုပါပဲ။ ဒါလေးကတော့ မရှိမဖြစ်တော့ မဟုတ်ဘူးပေါ့နော်


4. 𝙋𝙝𝙤𝙣𝙚 ပါ။𝙎𝙞𝙩𝙚 𝙎𝙪𝙧𝙫𝙚𝙮 ဆင်းရင် မပါမဖြစ်ပါပဲ။ သူေလးနဲ့ 𝙎𝙞𝙩𝙚 𝙋𝙝𝙤𝙩𝙤𝙨 & 𝙑𝙞𝙙𝙚𝙤𝙨 တွေပါ ရိုက်လို့ရပါတယ်။ 𝙑𝙞𝙙𝙚𝙤𝙨ပါမဖြစ်မနေရိုက်ပေးနော် ဒါမှ ရုံးရောက်လို့ 𝘿𝙧𝙖𝙬𝙞𝙣𝙜 ပြန်ဆွဲရင် အဆင်ပြေနေမှာပါ။


5. 𝙈𝙖𝙨𝙠 (နှာခေါင်းစီး)ပါ။ ကိုယ်သွားရမယ့်𝙋𝙧𝙤𝙟𝙚𝙘𝙩တွေက 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣 𝙎𝙞𝙩𝙚 တွေလဲ ဖြစ်နေနိုင်လို့ ကျန်းမာရေးအတွက် ဆောင်ထားပေးပါရှင့် ။

ဖြိုးအိတ်ထဲတော့ ဘယ်နေရာသွားသွားပါပါတယ်။ မိတ်ဆွေတို့ အိတ်ထဲမှာရော….ဘာတွေဆောင်ထားတတ်သေးလဲ 𝘾𝙤𝙢𝙢𝙚𝙣𝙩 ခဲ့ပါဦးရှင့်၊ ဖြိုး ပစ္စည်းလေးတွေတော့ 𝘾𝙤𝙢𝙢𝙚𝙣𝙩 𝘽𝙤𝙭မှာထည့်ပေးထားပါတယ်ရှင့်


သာယာချမ်းမြေ့သော နေ့ရက်များကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်


‘’ DreamCreate Live ‘’ (“အိပ်မက်တွေကို IVVI နဲ့လက်တွေ့ဖန်တီးပြီး ရှင်သန်နေထိုင်ပါ”)


 
 
 

Comments


Post: Blog2_Post

09402507744

©2022 by IVVI Design Studio. Proudly created with Wix.com

bottom of page