𝙃𝙖𝙥𝙥𝙮 𝙈𝙤𝙩𝙝𝙚𝙧’𝙨 𝘿𝙖𝙮
- ivvidesign studio
- May 14, 2022
- 1 min read
သားသမီးတွေရဲ့ ကမ္ဘာကြီးဖြစ်တဲ့ အမေတစ်ယောက်ချင်းစီတိုင်းလည်း အမေများနေ့မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ 𝙄𝙑𝙑𝙄 𝘿𝙚𝙨𝙞𝙜𝙣 𝙎𝙩𝙪𝙙𝙞𝙤 မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် ။
မေမေ့ရဲ့အချစ်ကလေးများကလည်း ဒီနေ့လိုနေ့မှာ မေမေ့ကို လက်ဆောင်လေးတွေပေးပြီး supriseတိုက်လို့ရပါတယ်နော်။ မေမေတို့ ဒီနေ့လေးမှာ ပျော်ပြီးကျေနပ်နေစေမယ့် 𝙈𝙤𝙩𝙝𝙚𝙧’𝙨 𝘿𝙖𝙮 အတွက် ပေးလို့ရမယ့် လက်ဆောင် Ideaလေးတွေကိုပြောပြပေးသွားမယ်နော် (ပုံလေးတွေကိုကြည့်ပေးနော်)
𝙃𝙖𝙥𝙥𝙮 𝙈𝙤𝙩𝙝𝙚𝙧’𝙨 𝘿𝙖𝙮

1. အပင်လေးတွေ လက်ဆောင်ပေးပါ။ပန်းပင်လေးဖြစ်ဖြစ်၊သစ်ခွပင်ဖြစ်ဖြစ်၊Indoor အပင်လေးတွေဖြစ်ဖြစ် ပန်းအိုးလှလှလေးနဲ့ ပေးလိုက်ပါနော်။နေ့တိုင်း ကိုယ့်အတွက် မေမေက အမှတ်တွေပေးနေလိမ့်မယ်နော့….

2. ပန်းစီးလေးပေးပါမေမေတိုင်းက အလှကြိုက်ကြပါတယ်။ကိုယ့်သားသမီးလေးက အမှတ်တရနဲ့ ပန်းစီးလေးပေးရင် ပိုတန်ဖိုးထားတတ်ပြီး ပျော်ရွှင်နေပါလိမ့်မယ်

3. မီးဖိုချောင် အသုံးအဆောင် လှလှလေးတွေပေးပါ။ဒါလေးကတော့ မေမေတွေတိုင်း အသုံးဝင်မယ့် လက်ဆောင်လေးပါ။ ကိုယ့်အိမ်လေးလည်းလှ ဧည့်သည်လာလဲ မျက်နှာပန်းလှတော့ ‘’တချက်ခုတ် သုံးလေးချက်ပြတ်ပေါ့’’

4. Perfume Candle လှလှလေးတွေ လက်ဆောင်ပေးပါ။တစ်နေကုန် အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေတတ်တဲ့မေမေ့ကို Candle လှလှလေးလက်ဆောင်ပေးပြီး ညဘက်အခန်းလေးထဲမှာ Candleလေးထွန်းပြီး စိတ်အေးသက်သာ အနားယူပါလို့ ပြောပေးနော် ။

5. Antiagaing အတွက်လိုအပ်တဲ့ SkinCare Set လေးတွေပါ။ မေမေတို့က သားသမီးအတွက်ဆို ဘာပဲပေးရပေးရ လိုတိုင်းတတဲ့ လိုတရကြီးတစ်ယောက် ဖြစ်ပေမယ့် သူ့အတွက်ဆို ‘’မလိုပါဘူးအေ…အပိုတွေပါ’’ဆိုပြီးပြောတတ်ကြပါတယ်။ ဒီနေ့တော့ သူငြင်းလို့မရအောင် setလိုက်သာ ဝယ်သွားပြီး Supriseတိုက်လိုက် ပျော်နေလိမ့်မယ် မေမေတော့…

သာယာချမ်းမြေ့သော နေ့ရက်များကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်



Comments