𝙄𝙣𝙩𝙚𝙧𝙞𝙤𝙧 𝘿𝙚𝙨𝙞𝙜𝙣𝙚𝙧 တစ်ယောက်လို 𝘾𝙤𝙡𝙤𝙧 ရွေးချယ်ခြင်း
- ivvidesign studio
- May 16, 2022
- 1 min read

ဖြိုးတို့ 𝙋𝙖𝙜𝙚ကို တော်တော်များများ မေးကြတဲ့အထဲမှာ 𝘾𝙤𝙡𝙤𝙧အကြောင်းက ထိပ်ဆုံးကပါ။
ဘယ်လို 𝘾𝙤𝙡𝙤𝙧 တွေရွေးချယ်ရမှာလဲ????
ကျွန်မအိမ်အတွက် ဘယ်လို 𝘾𝙤𝙡𝙤𝙧 𝙋𝙖𝙡𝙚𝙩𝙩𝙚ကိုရွေးရမှာလဲ???? အများကြီးပါပဲနော်
အဲ့ထဲကမှ အလွယ်ဆုံးနည်းလေးတွေနဲ့ 𝘾𝙤𝙡𝙤𝙧 ဘယ်လိုရွေးလဲ ပြောပြပေးသွားပါ့မယ်နော်။ထုံးစံအတိုင်း 1,2,3……ပေါ့
1. အခန်းရဲ့ရည်ရွယ်ချက်ကို သိရပါ့မယ်။ဥပမာ ဒီအခန်းက Study Roomလား?? Kids Roomလား?? စသဖြင့်ပေါ့။ 𝘾𝙤𝙡𝙤𝙧 တွေက စကားတွေပြောတတ်ကြပါတယ်။ဒါ့အပြင် သူတို့လေးတွေက စိတ်ခံစားမှု အမျိုးမျိုးကိုလည်းပေးပါတယ်။ 𝘾𝙤𝙡𝙤𝙧ရွေးတော့မယ်ဆို ဒီမေးခွန်းလေးတွေမေးကြည့်ပေးပါ 1. ဒီအခန်းက ဘာအခန်းလုပ်မှာလဲ??? 2. ဒီအခန်းထဲဝင်ရင် ကိုယ်က ဘယ်လိုစိတ်ခံစားမှုမျိုး ရချင်တာလဲ??( ပျော်ရွှင်မှု၊စိတ်အေးချမ်းမှု၊နွေး ထွေးမှု၊ဖန်တီးနိုင်မှု၊ စိတ်အပန်းဖြေမှု) 3. ဘယ် 𝘾𝙤𝙡𝙤𝙧ကို အခန်းထဲမှာမြင်လိုက်ရင် အပေါ်က မေးထားတဲ့ ခံစားချက်မှုတွေရစေမှာလဲ?? အဲ့ဒါဆို အလွယ်တကူနဲ့ 𝘾𝙤𝙡𝙤𝙧လေးတွေ ရနိုင်ပါလိမ့်မယ်နော် ။
ဒါ့အပြင် 𝘿𝙚𝙨𝙞𝙜𝙣𝙚𝙧တွေမေးတတ်တာက….အခန်းလေးက ဘယ်နားမှာရှိတာလဲ???ပြတင်းပေါက်တွေရော ပါရဲ့လား?? အပြင်က ပတ်ဝန်းကျင်အခြေအနေကရော ဘယ်လိုရှိသလဲ???စသဖြင့် ကိုယ့်ကိုကိုဖြေကြည့်ပေးပါ။ ပတ်ဝန်းကျင်အခြေအနေ ၊ အလင်းရောင်ပေါ်မူတည်ပြီး 𝘾𝙤𝙡𝙤𝙧တွေက ပြောင်းလဲတတ်တာကြောင့် အရေးကြီးပါတယ်နော်။
ဥပမာ။နေရောင်မရတဲ့ အခန်းဆိုရင် လင်းတဲ့ အဖြူရောင်၊ အဝါဖျော့ဖျော့လေးတွေနဲ့ လင်းစေမယ့် 𝘾𝙤𝙡𝙤𝙧 ပဲ ရွေးပေးပါရှင့်
2. ပထမဆုံး 𝙉𝙚𝙪𝙩𝙧𝙖𝙡 𝘾𝙤𝙡𝙤𝙧 (သဘာဝအရောင်) တွေပါရွေးပေးပါ။အခန်းတခန်းကို သေချာကြည့်ကြည့်မယ်ဆိုရင် အရောင်နှစ်ရောင်တော့ အနည်းဆုံးပါတတ်ပါတယ်။တစ်ရောင်က 𝙉𝙚𝙪𝙩𝙧𝙖𝙡 𝘾𝙤𝙡𝙤𝙧 ဖြစ်ပြီး၊နောက်တစ်ရောင်က (𝘼𝙘𝙘𝙚𝙣𝙩 𝘾𝙤𝙡𝙤𝙧 )လူတွေ သတိပြုမိစေမယ့်အရောင်တွေ ဖြစ်နေတတ်ပါတယ်။ 𝙉𝙚𝙪𝙩𝙧𝙖𝙡 𝘾𝙤𝙡𝙤𝙧 ကိုမှ နှစ်မျိုးရှိပါတယ်။ 1. 𝙒𝙖𝙧𝙢 𝙉𝙚𝙪𝙩𝙧𝙖𝙡 𝘾𝙤𝙡𝙤𝙧 2. 𝘾𝙤𝙤𝙡 𝙉𝙚𝙪𝙩𝙧𝙖𝙡 𝘾𝙤𝙡𝙤𝙧
3. ဒုတိယ 𝘼𝙘𝙘𝙚𝙣𝙩 𝘾𝙤𝙡𝙤𝙧 ကိုရွေးပါ။ သူတို့လေးတွေက အခန်းတခုမှာရှိနေရင် ‘’ထင်းလင်းကွင်း’’နေစေမယ့် အရောင်တွေပါ။ အဲ့ဒါ့ကြောင့် အရေးကြီးတဲ့ 𝙄𝙩𝙚𝙢 လေးတွေမှာ ထားတတ်ကြပါတယ်။ ဥပမာ သင်ရဲ့ နံရံလေးကို အဖြူဖျော့ဖျော့လေးသုံးထားရင် လိမ္မော်ရောင်အရင့် 𝘿𝙚𝙘𝙤𝙧𝙖𝙩𝙞𝙫𝙚 𝙄𝙩𝙚𝙢လေးကို အဲ့နံရံလေးမှာ ထားကြည့်ပါ။အခန်းလေးက အသက်ဝင်ပြီး ပိုလှသွားမှာပါရှင်။ 𝘼𝙘𝙘𝙚𝙣𝙩 𝘾𝙤𝙡𝙤𝙧 တွေထဲက အသုံးများတဲ့ 𝘾𝙤𝙡𝙤𝙧လေးတွေကတော့ 𝙊𝙧𝙖𝙣𝙜𝙚, 𝙍𝙚𝙙, 𝙔𝙚𝙡𝙡𝙤𝙬 လေးတွေပါ။
𝘾𝙤𝙡𝙤𝙧ရွေးချယ်တဲ့နေရာမှ အခြေခံအချက်လေးတွေဖြစ်လို့ မဖြစ်မနေထည့်စဉ်းစားရမယ့် အချက်လေးတွေပါရှင့်
ဒီနေ့ အတွက် ဗဟုသုတတစ်ခုတိုးသွားခဲ့သည်ရှိသော် 𝙇𝙞𝙠𝙚 & 𝙎𝙝𝙖𝙧𝙚 လေးနဲ့ 𝙎𝙪𝙥𝙥𝙤𝙧𝙩ပေးခဲ့ပါဦးရှင့်။နောက်နေ့တွေမှာလည်း အသုံးဝင်မယ့် 𝙏𝙞𝙥𝙨လေးများနှင့် ပြန်လာခဲ့ပါဦးမယ်ရှင့် ….
ဘိုင်းရ်
‘’ Dream > Create > Live ‘’ (“အိပ်မက်တွေကို IVVI နဲ့လက်တွေ့ဖန်တီးပြီး ရှင်သန်နေထိုင်ပါ”)
0
People reached
0
Engagements
–
Distribution score
Boost with credit
Like
Comment
Share



Comments