top of page
Search

ဇိမ်ကျကျ Modern Style ဧည့်ခန်းလေးအဖြစ် ပြောင်းလဲရန် ပစ္စည်း (၆)မျိုး

အိမ်တစ်အိမ်ရဲ့ ဝင်ဝင်ချင်းနေရာမှာရှိတဲ့ ဧည့်ခန်းလေးက အိမ်တစ်အိမ်ရဲ့ အသက်ဆိုလဲ မမှားပါဘူးရှင် ။ ဧည့်ခန်းလေးကိုကြည့်လိုက်တာနဲ့ အိမ်သူ/သားတွေရဲ့ လူနေမှုစတိုင်၊အဆင့်အတန်းကိုပါ တပါတည်း မြင်သာစေပါတယ်။ ဒါကြောင့် အဓိကအသက်ဖြစ်တဲ့ ဧည့်ခန်းလေးကို ဝိုးကနဲ ဖြစ်စေဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေက (၆)မျိုးပဲနော်။ ဘာတွေလဲဆိုတာ ပုံနဲ့တကွ ကြည့်လိုက်ကြရအောင်။

ဒီတော့ ဝိုးကနေဖြစ်ဖို့က (၆)ချက်ပဲလိုတာပါနော် စမ်းကြည့်ကြပါရှင်။


1. ထိုင်ခုံ Sofa လေးတွေပါ ။ Sofa styleလေးတွေ အမျိုးမျိုးရှိတဲ့အထဲက Modern Styleဘက်ကိုသွားတဲ့ လေးထောင့် (or) ထောင့်ချိုးshapeလေးတွေကို pattern မပါတာလေးတွေရွေးနော်။ ပြီးရင် sofa လေးတွေပေါ် cushion ခေါင်းအုံးလေးနှစ်လုံးလောက်ထည့်လိုက်ပါ(သူတခုထဲနဲ့တင် ပြီးပြည့်စုံတဲ့lookလေးဖြစ်နေမှာပါနော်)



2. Living room table (or) Coffee Tableလေးထည့်ပေးပါ။ အများအားဖြင့်တော့ သံframeအမည်းလေးတွေပေါ် marbleကျောက်ခင်းထားလေးတွေပဲဖြစ်ဖြစ်၊ သစ်သား polished tableလေးတွေ၊ မှန်glass tableလေးတွေရွေးချယ်ပေးပါ( ပြီးရင် ပန်းအိုးလှလှလေးတစ်လုံးပဲဖြစ်ဖြစ်၊ decorated itemတခုခုပဲဖြစ်ဖြစ် တင်လိုက်ပါ) လုံးဝ လိုက်ဖက်ညီတဲ့ perfect အတွဲအစပ်လေးပေါ့



3. ဧည့်ခန်းမှာ TVကြည့်မယ်ဆိုရင်လည်း TV cabinet လေးတွေလည်း လိုတာပေါ့နော်။ ခုဆိုစျေးကွက်ထဲမှာ designအမျိုးမျိုးနဲ့ လှတာလေးတွေ အများကြီးပဲနော်။ နမူနာလေးတွေလည်း ပုံမှာပြပေးထားပါတယ် ။အဲ့လိုလေးတွေပဲဝယ်နော် တကယ်လှမှာရယ်



4. Area Rug ကော်ဇောလေးတွေပါ။ Sofaခုံအောက်မှာ ခင်းပေးနော်။ကြမ်းခင်းက ကြွေပြားခင်းထားရင် အအေးသက်သာစေတဲ့အပြင်၊ sofa area သီးသန့် နေရာလေးအဖြစ်လည်း ကော်ဇောလေးက ပုံဖော်ပေးပါတယ်



5. အရွက်စိမ်းစိမ်းဖားဖားလေးတွေနဲ့ Indoor Plantsလေးတွေပါ ။အခန်းတွင်းလေကောင်းလေသန့်လည်းရသလို အပင်လေးတွေရဲ့ ကြီးထွားသန်မာလာမှုကိုလည်း တွေ့ရလို့ စိတ်ကြည်နူးမိမှာတော့ အမှန်ပါပဲ။( မယုံရင် အပင်စိုက်ကြည့်ပါ တကယ်စိတ်ချမ်းသာမှာ ကိုယ်တွေ့ ရေတော့ မှန်မှန်လောင်းပေးပါနော်)



6. နောက်ဆုံးတခုကတော့ မျက်နှာကျက်မီးဆိုင်းလေးပါ ( Chandelier) လို့လည်းခေါ်ပါတယ်။ဧည့်ခန်းကို ဝင်လိုက်တာနဲ့ ဝိုးကနေဆိုတဲ့ moodကိုပေးမယ့် အသက်တခုပါ( Modern Style နဲ့လိုက်ဖက်အောင် ဒီလိုပုံလေးတွေရွေးပါနော် မလိုက်ဖက်ပဲဖြစ်နေရင် မလှမှာဆိုးလို့ပါ)


Blogလေးကို အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါရှင့်။






 
 
 

Comments


Post: Blog2_Post

09402507744

©2022 by IVVI Design Studio. Proudly created with Wix.com

bottom of page