top of page
Search

ပုံလေးတွေရွေးရင်း 𝘿𝙚𝙨𝙞𝙜𝙣 𝙎𝙩𝙮𝙡𝙚 ရှာမယ်...........


ဟဲ့ တကယ်လား????? ပုံကိုရွေးရုံနဲ့တင် 𝘿𝙚𝙨𝙞𝙜𝙣 𝙎𝙩𝙮𝙡𝙚 ကိုသိနိုင်တယ်ဆိုတာ…….တကယ်ပါ မယုံရင် စမ်းကြည့်ကြည့်လေ ဘယ်လိုလေးလဲဆိုတာ…… အသေးစိတ်လေးပြောပြပေးမယ်နော်


ဖြစ်ပုံက ဒီလို…ဒီလို… ဒီနေ့အတွက် Content ရေးဖို့ research လုပ်ရင်း Design Blogတစ်ခုကနေ ဒီlinkလေး တွေ့လို့ ‘’ဟယ်….အဲ့လိုလေးရှိတယ်လား”ဆိုပြီး စမ်းကြည့်တာ ဖြိုးအကြိုက်နဲ့ အနီးစပ်ဆုံး (70%) လောက်ထပ်တူကျတဲ့ 𝙎𝙩𝙮𝙡𝙚 လေးမို့ မိတ်ဆွေတို့လည်း စမ်းကြည့်လို့ရအောင် လက်တို့ပေးလိုက်တာပါရှင့်။လုပ်ရာမှာလေးတွေက လွယ်လွယ်လေး…….


ေအာက် မှာပေးထားတဲ့ linkလေးကို နှိပ်ပါ။ Start My Style Quiz ဆိုတဲ့အပြာရောင်စာတန်းလေးကိုနှိပ်ပါ။ ပုံနှစ်ပုံပေါ်လာပါလိမ့်မယ်။ နှစ်ပုံထဲက တစ်ပုံကို ရွေးပါ။ နောက်တဆင့်လည်း တစ်ပုံရွေးပါ။ ၁၀ပုံရွေးချယ်လို့ပြည့်သွားရင် ကိုယ့်𝘿𝙚𝙨𝙞𝙜𝙣 𝙎𝙩𝙮𝙡𝙚လေးကို ပြပေးဖို့ Boxတခု ကျလာပါလိမ့်မယ်။ အဲ့ဒီBox အောက်နားလေးက (Continue with Google)ဆိုတာလေးကို ကိုယ့်ရဲ့Gmailလေးနဲ့ဝင်လိုက်ပါရှင့်။ နောက်ဆုံးအနေနဲ့ Your Decorating Style Is ______လေး ကျလာပါလိမ့်မယ်။____ကတော့ သင့်ရဲ့ 𝘿𝙚𝙨𝙞𝙜𝙣 𝙎𝙩𝙮𝙡𝙚လေးပါပဲရှင်



ပျော်စရာကောင်းတယ်ဟုတ်?? ဖြိုး 𝘿𝙚𝙨𝙞𝙜𝙣 𝙎𝙩𝙮𝙡𝙚လေးကိုလည်း ေအာက်မှာထည့်ပေးထားပါတယ်။ မိတ်ဆွေတို့ 𝙎𝙩𝙮𝙡𝙚လေးတွေကိုလည်း ကြည့်ချင်လို့ ပုံလေးတွေ မန့်ပေးခဲ့ပါဦးရှင့် မျှော်နေမယ်နော် …..



တစ်စုံတစ်ရာ အဆင်မပြေ အခက်အခဲရှိခဲ့ရင်လည်း cbမှာမေးနိုင်ပါတယ်ရှင့်


မိုးအေးအေးလေးမှာ မိုးနဲ့အတူ သာယာချမ်းမြေ့ပျော်ရွှင်ကြပါစေရှင်


‘’ DreamCreate Live ‘’ (“အိပ်မက်တွေကို IVVI နဲ့လက်တွေ့ဖန်တီးပြီး ရှင်သန်နေထိုင်ပါ”)

 
 
 

Comments


Post: Blog2_Post

09402507744

©2022 by IVVI Design Studio. Proudly created with Wix.com

bottom of page