top of page
Search

မိမိအိပ်ခန်းလေးကို Hotel အခန်းလေးလို ကိုယ်တိုင်ပြင်ဆင်ဖို့ လိုအပ်တဲ့ အချက် (၇)ချက်

ဒီလို ဒီလို ပိတ်ရက်တွေများတဲ့ ခရီးသွားရာသီမှာ ဘယ်မှမသွားရပဲ တစ်ယောက်တည်း အခန်းထဲမှာ ပူအိုက်ပြီး ငိုင်နေတယ်ဟုတ် ??? ဒါဆို ခရီးထွက်ပြီး Hotelမှာ Chill နေရသလို ခံစားချက်လေးရအောင် မိမိကိုယ်တိုင်ပဲ အခန်းလေးကို ပြင်ကြည့်လို့ရပါတယ် ကဲစမ်းကြည့်ကြမယ်။ စိတ်ဝင်စားတယ်ဟုတ်???

ဒါဆို အချက်(၇)ချက်ကို မြင်သာအောင် ပုံနှင့်တကွ ရှင်းပြထားပါတယ် ကြည့်ပေးနော်


1. အိပ်ယာခင်း၊ ခေါင်းအုံး၊စောင်အစွပ်လေးတွေကို pattern မပါတဲ့အဖြူလေးတွေ လဲကြည့်ပါ ( အဖြူလေးက တကယ့်ကို သန့်ရှင်းပြီး စိတ်ကြည်စေတဲ့ feelingလေးကိုပေးပါလိမ့်မယ်) စမ်းကြည့်နော်



2. ကုတင်နဲ့ပဲဖြစ်ဖြစ် မွေ့ယာလေး ကြမ်းပြင်ပေါ်ချထားတာပဲဖြစ်ဖြစ် လိုအပ်တာကတော့ Area Rug ကော်ဇောလေးတွေပါ။ ခုခေတ်OS အများအပြားမှာလည်း အမွှေးပွပွ၊ pattern အမျိုးမျိုးနဲ့တွေ့နိုင်ပါတယ်။ ကော်ဇောရွေးရင် သတိထားရမှာက pattern အကြီးကြီးတွေ၊ထင်းနေမယ့်အရောင်တွေ မသုံးပဲ အဖြူ၊ခဲဖျော့၊အသားရောင်ဖျော့ဖျော့လေးတွေ သုံးပေးပါ (Hotel Vibeလေး ခံစားလို့ရအောင်ပါ)



3. ကုတင်ရဲ့ဘေးတဖက်တချက်စီမှာ Side Tableလေး ထားပေးပါ။ Tableလေးပေါ်မှာ မီးအိမ်၊စာအုပ်၊ပန်းအိုးလေးတွေထားပြီး အလှဆင်ကြည့်နော်



4. ကိုယ့်ရဲ့ အခန်းက ပြတင်းပေါက်လေးပါခဲ့ရင် နှစ်ထပ် လိုက်ကာအရှည် (Curtain)လေးတွေ တပ်ပေးပါ။ နှစ်ထပ်လိုက်ကာဆိုတာက အထူတခု အပါးတခုပါတဲ့ လိုက်ကာမျိုးတွေပါ။ လိုက်ကာအထူရဲ့ အရောင်လေးတွေကတော့ Hotel Theme ထဲက မထွက်သွားအောင် ခဲဖျော့၊အသားဖျော့ရောင်လေးတွေသာ သုံးပေးနော်။ လိုက်ကာအပါးလေးကိုတော့ အဖြူရောင်အပါး အလင်းရောင်ပေါက်တာလေးတွေ အဓိကသုံးပေးပါနော် (မြင်သာအောင် ပုံလေးပြထားပါတယ်) နှစ်ထပ်ဆိုတော့ privacy လည်းရှိတာပေါ့နော်



5. ROOM COLOR(အခန်းအရောင်) အကုန်လုံးခြုံကြည့်ရင် ထင်းလင်းမနေမယ့် အရောင်လေးတွေသုတ်ပေးပါ( အဖြူရောင်၊အဝါဖျော့ဖျော့၊ခဲရောင်ဖျော့ဖျော့)



6. အခန်းမီး အရောင်ကို Warm White Lighting အဝါဖျော့ဖျော့မီးရောင်လေး သုံးပေးပါ။ ဒါဆိုရင် အခန်းလေးက နွေးထွေးပြီး နေချင်စရာကောင်းတဲ့ moodလေးကို ပေးစွမ်းမှာပါ( ဝါဝါထိန်ထိန် ကြက်သွန်မြိတ်တို့အိမ်လို ဝါဝါတောက်တောက်ကြီးတော့ ဟုတ်ဘူးနော်)



7. အခန်းထဲမှာ စာကြည့်စားပွဲဖြစ်ဖြစ် မှန်တင်ခုံဖြစ်ဖြစ်ရှိခဲ့ရင် အခန်းရဲ့ ထောင့်လေးမှာထားပေးပါ ။အဖြူလေးဖြစ်ဖြစ် သစ်သားရောင်ဖျော့ဖျော့လေးဖြစ်ဖြစ် မဝယ်ရသေးရင် ဝယ်လိုက်နော် ပိုလှသွားမှာပါ။

Blogလေးကို အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါရှင့်

Comments


Post: Blog2_Post

09402507744

©2022 by IVVI Design Studio. Proudly created with Wix.com

bottom of page