top of page
Search

ရုံးစားပွဲ (Office Table)ကို အိမ်ကိုရွှေ့မယ်

မြင်လိုက်ရတဲ့ ခေါင်းစဉ်ကြောင့် သူဌေးတစ်ယောက်တော့ လန့်နေလောက်ပြီ (နောက်တာပါရှင်) တကယ်က ကိုဗစ်နှိပ်စက်လို့ အိပ်မက်မက်ဖူးတဲ့ ဘဝကြီး တကယ်ဖြစ်လာတာပါ(အိပ်ယာမထချင်ဘူး….အိမ်မှာ ရုံးအလုပ်တွေ လုပ်ရရင်ကောင်းသားဆိုတဲ့ အိပ်မက်ပေါ့)

အိပ်မက်တွေ တကယ်ဖြစ်လာတော့ တစ်နေ့တစ်နေ့ စားပွဲခုံလေးရှေ့မှာ လက်ပုတော့လေးကို တနေကုန်ကြည့်နေရတော့ ရိုးအီလှပါပြီ၊ပျင်းလှပါပြီ။ အလုပ်လုပ်ချင်စိတ်လေးရှိအောင် စားပွဲလေးကို ပြင်ကြည့်ဦးမှဆိုရင် အောက်ကအချက်လေးတွေကို ပုံလေးတွေနဲ့ ဆက်ဖတ်ပေးပါဦး။ တစ်နေကုန်ထိုင်နေတောင် ပျင်းရမယ်မှန်းတောင်မသိပဲဖြစ်သွားမယ်နော် ကဲ…..စကြမယ်


1. နေရာရွေးပါ (ကိုယ့်အိမ်ရဲ့ အကြိုက်ဆုံးနေရာ၊အေးဆေး၊စိတ်ငြိမ်ပြီး productivity ကောင်းစေမယ့်နေရာလေးတွေရွေးချယ်ပေးပါ)

ဥပမာ။ဖြိုးဆိုရင် အခန်းထောင့်တို့၊ချောင်လေးတွေရွေးတတ်ပါတယ်။ဘာလို့ဆို အဲ့နေရာလေးက ဖြိုးအတွက် သီးသီးသန့်သန့်ဖြစ်ပြီး အလုပ်လုပ်ရတာ စျာန်ဝင်စေတတ်လို့ပါ။


2. သက်တောင့်သက်သာဖြစ်စေမယ့် အလုပ်စားပွဲလေးရွေးချယ်ပေးပါ။ တစ်နေကုန်နီးပါးထိုင်ရမှာဆိုတော့ ကိုယ်နဲ့အဆင်ပြေရာလေး ရွေးနော်။


3. အလှဆင်ပါ။မိန်းကလေးဆိုရင် ပန်းအိုးလှလှလေးတွေ၊ နာရီလှလှလေးတွေထားပေးပါ။ယောကျ်ားလေးတွေဆိုရင် စားပွဲလေးကို LEDရောင်စုံမီးလေးတွေ၊ Decorative item လေးတွေနဲ့ အလှဆင်ကြည့်ပါ။ပြီးရင်Workspaceလေးကို ဓာတ်ပုံရိုက်ပြီး my dayလေးတော့တင်ပြီး ကြွားလိုက်ဦး


4. လက်တကမ်းမှာ စိတ်ကိုRefreshဖြစ်စေမယ့်အရာများဖြင့်ဝန်းရံထားပါ။ဟုတ်ပါတယ် တစ်နေကုန်နီးပါးတော့ အမြဲမတက်ကြွနိုင်ပါဘူး၊အဲ့လိုအချိန်မှာ Coffeeလေးသောက်လို့ရအောင် Coffee Makerလေး အနားမှာထားတာမျိုး၊ အပင်စိမ်းစိမ်း လေးတွေကို ရေဖြန်းပေးတာမျိုး လုပ်ပေးပါ။


5. Artworkဖြစ်ဖြစ်၊ ကိုယ်အားကျလေးစားရတဲ့ပုံဖြစ်ဖြစ် ကိုယ့်မျက်စိနေရာနဲ့ တန်းမယ့်နေရာမှာ ချိတ်ဆွဲထားပါ။ အမြင်အာရုံအရရော၊ စိတ်အဟာရအနေနဲ့ပါ ခွန်အားဖြစ်စေမှာပါ။


6. စာကြည့်မီးအိမ်ကောင်းကောင်းလေး တခုဝယ်ထားပေးပါ။ အလုပ်လုပ်ဖို့အပြင် စာလေ့လာတဲ့နေရာမှာပါ အာရုံစူးစိုက်မှုအားကောင်းစေမယ့်အပြင် မျက်စိကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေပါတယ်။


ကဲ..တန်….တန်….တန်…….စာဖတ်ပြီးအလုပ်လုပ်တော့မှာလား??? စားပွဲပေါ်မှောက်အိပ်တော့မှာလား??ပြောခဲ့ပေးပါဦး??

Happy TGIF ပါနော်။ သာယာလှပသော နေ့လေးများကို အမြဲထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။





 
 
 

Comments


Post: Blog2_Post

09402507744

©2022 by IVVI Design Studio. Proudly created with Wix.com

bottom of page