top of page
Search

𝙃𝙤𝙢𝙚 𝙍𝙚𝙣𝙤𝙫𝙖𝙩𝙞𝙤𝙣 လုပ်ရန် ကြိုတင်ပြင်ဆင်ထားသင့်သည့် အရေးကြီး အချက်(5)ချက်



လူကြီးမင်းတို့အနေနဲ့ ‘’အခန်းပြင်မယ်၊Designဆွဲဖို့”ဘယ်ကနေစစဉ်းစားရမှာလဲ မသိတော့ဘူး ဆိုရင်………….ဒီpostလေးက သင့်အတွက်သေချာပေါက်အကျိုးရှိစေမှာပါ။ ကဲစကြမယ်နော်…….


1. ကိုယ်စိတ်တိုင်းကျ၊ကိုယ်လိုချင်တဲ့ Design Style ကိုရှာဖွေပါ။လူကြီးမင်းတို့အနေနဲ့ Design Styleရွေးချယ်ရာတွင် ခက်ခဲကောင်းခက်ခဲနိုင်ပါလိမ့်မယ်။ ဒါလည်း အဆင်ပြေပါတယ် သေချာအချိန်ယူစဉ်းစားပြီး Styleတခုချင်းစီ ပုံလေးတွေစုဆောင်းထားပေးပါ။ရှာဖွေလေတွေ့ရှိလေ ဆိုသလို အိပ်မက်နဲ့ထပ်တူကျမယ့် Styleလေးတွေ တွေ့လာပါလိမ့်မယ်နော်(ဒီအဆင့်မှာ အခက်အခဲရှိနေရင်လည်း ပြောနော် ကူညီပေးမယ်)


2. Renovationအတွက်သုံးမယ့် Budget(ငွေပမာဏ)ပါ။အရေးကြီးဆုံး အဆင့်လေးပေါ့နော်။ ကိုယ့်Budgetပေါ်မူတည်ပြီး Renovationမှာရွေးချယ်မယ့် Material တွေရဲ့quality(အရည်အသွေး) နဲ့ durability(ကြာရှည်ခံမှု)ပေါ် မူတည်နေလို့ သေချာလေး စဉ်းစားပေးပါရှင့်


3. Design Team (or) Design Company တွေရှာဖွေပါ။ ခုဆိုရင် onlineပေါ်မှာ Design Companyတွေအများကြီးရှိနေပြီဆိုတော့ အလွယ်တကူ စုံစမ်းလို့ရနေပါပြီ။ အဲဒီ့ထဲမှာမှ သတိထားရွေးရမယ့်အချက်တွေကတော့ ကိုယ်ရွေးမယ့် Design Companyရဲ့ History, Design Projects, Design Fees & Design Installation Fees များကို သေချာအချိန်ယူလေ့လာပေးပါရှင့်။


4. Vision Board ဖန်တီးထားပေးပါ။ ဒါလေးက လွယ်ကူပါတယ်။ မိမိလိုချင်တဲ့ အခန်းတခုချင်းစီရဲ့ လိုအပ်တဲ့ ပစ္စည်းလေးတွေ၊အသေးစိတ် furniture လေးတွေ၊ Design Style လေးတွေကို internetမှတစ်ဆင့် ပုံလေးတွေ saveပြီး စုဆောင်းထားတဲ့ Collection လေးတခုပါပဲ


5. Requirements Listလုပ်ထားပါ။နောက်ဆုံးအနေနဲ့တော့ ကိုယ့်အခန်းလေးအတွက် အရေးကြီးတဲ့ Itemလေးတွေ၊ themeလေးတွေကို နေရာအတိအကျ ချရေးထားပြီး listလုပ်ထားဖို့ပါ။ ဒါဆိုရင် Designerအနေနဲ့သင့်ရဲ့စိတ်ကူးအိပ်မက်ထဲက အခန်းလေးကို အချိန်တိုလေးအတွင်းမှာ အကောင်အထည်ဖော်ပေးနိုင်မှာပါ။


မိတ်ဆွေတို့အနေနဲ့ အမှန်တကယ်လိုက်နာကြည့်မယ်ဆိုရင် အကျိုးတကယ်ထူးလာပါလိမ့်မယ်နော်… ဒီpostလေးထဲမှာ မရှင်းတာလေးများ၊ သဘောမပေါက်တာလေးများရှိရင်လည်း cbမှာ အချိန်မရွေး မေးမြန်းနိုင်ပါတယ်ရှင့်


လူကြီးမင်းတို့ စီးပွါးဥစ္စာများလည်း ဆထက်တပိုးတိုးတက်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်…

‘’ DreamCreate Live ‘’ (“အိပ်မက်တွေကို IVVI နဲ့လက်တွေ့ဖန်တီးပြီး ရှင်သန်နေထိုင်ပါ”)

 
 
 

Comments


Post: Blog2_Post

09402507744

©2022 by IVVI Design Studio. Proudly created with Wix.com

bottom of page